ထချမှ နအဖ ပြုတ်မည်။ --- စစ်အာဏာကို ပြိုစေလို ဝိုင်းဝန်းဖြိုဖျက် တစ်ယောက်တစ်လက် --- တောရော မြို့ပါ၊ ဝိုင်းတော်လှန် ဧကန်ပြုတ်ကျ - နအဖ၊ ပြည်သူ့ဘက်က ရပ်တည်လိုလျှင် ပြည်သူ့လွတ်မြောက်ရေး တပ်သို့ ဝင်ပါ။ ဆက်သွယ်ရန် P.O Box (168) Mae Ping 50301, Chiang Mai Thailand - Email plfburma@gmail.com

Sunday, July 29, 2012

ပြည်သူ့လွတ်မြောက်ရေး တပ်ဦး ၏ ထုတ်ပြန်ကျေညာချက်။


ပြည်သူ့လွတ်မြောက်ရေး တပ်ဦး  ထုတ်ပြန်ကျေညာချက်။
မြန်မာပြည်တ၀ှမ်း လယ်သမားများ၏ လယ်ယာမြေများကို စစ်တပ်နှင့် ကုမ္ပဏီ အမည်ခံ ကြံ့ဖွတ် စစ်အာဏာရှင် လက်ပါးစေ လက်ဝေခံများကမတရားသိမ်းယူခြင်းကိုကျွန်ုပ်တို့ ပြည်သူ့လွတ်မြောက် ရေး တပ် ဦးမှ ပြင်းထန်စွာဆန့်ကျင် ကန့်ကွက်ပါသည်။
ကြံ့ဖွတ်စစ်အာဏာရှင်တို့သည် လက်ဝါးကြီး အုပ်စစ်ပဒေသရာဇ် စံနစ်ကိုနိုင်ငံတော်ဆိုသော စကားလုံးအကာအကွယ်ဖြင့် ကျင့်သုံးနေပေရာ မြန်မာပြည်၏ လူဦးရေ ၇၅ % ရှိသော လယ်သမားများ၏ ဘ၀ရပ်တည်မှုဖြစ်သည့် လယ်မြေတို့ကို အမျိုးမျိုးသောအကြောင်းပြချက်များလိမ်လည်ကောက်ကျစ်မှုများ လက်နက်ကိုင်ခြိမ်းခြောက် မှုများ ဖြင့် သိမ်းယူနေသည့်အပြင် လယ်သမားများကို လယ် ကျွန်ဘ၀ သို့ တွန်းပို့ နေ ပေသည်။ လယ်သမားတို့ ဘ၀များ ကျိုးကျေ ပျက်သုဉ်းနေသည်။ အလုပ်လက်မဲ့ စားရမဲ့ သောက်ရမဲ့ များ၊ ဖြစ်လာကြရသည်။ အိမ်းနီးချင်းနိုင်ငံများသို့  ခိုးဝှက်ထွက်ပြေးခါ တရားမ၀င် အနှိမ်ခံ အလုပ်သမားများအဖြစ် ပြင်းထန်သော သွေး စုတ် ဖိနှိပ်မှုကို ခံနေကြရသည်။ 
ပြည်သွူတ်မြောက်ရေးတပ်ဦးသည်လယ်လုပ်သူလယ် ပိုင်ရေးမူကို အခိုင်အမာကိုင်စွဲခါ  လက်ဝါးကြီးအုပ် ကြံ့ဖွတ် စစ်ပဒေသရာဇ်ကိုတိုက်ဖျက်ပြီး  သွေးစုတ်ဖိနှိပ်မှု အောက်မှ လယ်သမားများ လွတ် မြောက်ရေးအတွက်  လက်နက်ကိုင် တိုက်ပွဲအပါအ၀င် လူထုလှုပ်ရှားမှုများ ကို ကျင့်သုံးနေသော အဖွဲ့ ဖြစ်ပါ သည်။
ယခုကဲ့သို့ကြံ့ဖွတ်စစ်အာဏာရှင် အောက်တွင်အလူးအလှိမ့်ဖိနှိပ်သွေးစုတ်ခံနေရသောလယ်သမား များအတွက် ဟန်ပြမဟုတ်ဘဲ မြေယာပြန်လည်ရရှိ စေရေးအတွက်အဖိနှိပ်ခံ ပြည်သူအားလုံးနှင့် အဖွဲ့အစည်းများကကြံ့ဖွတ်စစ်အစိုးရကို ပြတ်ပြတ်သားသားဆန့်ကျင်ကြရန်တိုက်တွန်းပါသည်။ကြံ့ဖွတ်စစ်တပ် တွင်းမှ တောင်သူ လယ်သမားသားသမီး စစ်သားများသည်လည်း မိဘ လယ်သမားများအရေးအတွက်  အလေးထား တိုက်ပွဲ ၀င် သင့်ပေသည်။
လယ်သမားများအရေးအတွက် ရပ်တည်ခဲ့သော ဆရာစံကို မြန်မာပြည်တွင် ယနေ့ပြန်လည် သတိ ရအပ်သည်။ လူမျိုးတူသည် ဖြစ်စေ မတူသည်ဖြစ်စေ ဖိနှိပ်မှုသွေးစုတ်မှု မတရားအုပ်ချုပ်မှုတို့ရှိနေသမျှ ကာလပတ်လုံး အဖိနှိပ်ခံတို့ကို ဆက်လက်တော်လှန်တိုက်ပွဲဝင်ပြီး အောင်ပွဲဆင်ကြရသည်မှာ လူ့သမိုင်း ပင်ဖြစ်သည်။ ဖိနှိပ်မှုများကို တိမ်းရှောင်ထွက်ပြေးယုံဖြင့် မလွတ်မြောက်နိုင်ပါ။ ဖိနှိပ်သူတို့ကို အားပေးရာ ကျပါသည်။
ကြံ့ဖွတ်စစ်အာဏာရှင်များ၏ လှည့်စားမှုအောက်တွင် အချိန်ကုန် လူပန်းမဖြစ်စေဘဲ လယ်သမား အခွင့်အရေး အလုပ်သမားအခွင့်အရေးအတွက် ကျယ်ပြန့်ပြင်းထန်ထိရောက်သည့် လှုပ်ရှားမှု များဖြင့် အလုပ် သမားလယ်သမားတို့၏ အစစ်အမှန် လူထုအစိုးရကို တည်ဆောက်ထူထောင် နိုင်ရေးအတွက် ကြိုးပမ်းကြရန် ပြည်သူ့လွတ် မြောက် ရေးတပ်ဦးမှ တိုက်တွန်းနိုးဆော်လိုက်သည်။
လယ်လုပ်သူလယ်ပိုင်ရမည်။
အောင်ပွဲကို တိုက်ယူကြ။
လူထုအစိုးရ မုချပေါ်ထွန်းရမည်။

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး။
ဇူလိုင် ၃၀ ၂၀၁၂


Monday, July 9, 2012

သမရိုးကျ ရိုးရာတော်လှန်ရေးသမားများအတွက် ဆေးခါးတခွ­က်


သမရိုးကျ ရိုးရာတော်လှန်ရေးသမားများအတွက် ဆေးခါးတခွ­က်
ပြဿနာလောင်စာတွေများနေတဲ့ မြန်မာပြည်မှာ ဆန္ဒပြပွဲတွ အမျိုးမျိုးပေါ် အဓိကရုဏ်းတွေ တိုက်ပွဲရိုက်ပွဲ တွေဖြစ်နေတာဟာသိပ်ထူးခြားတာမဟုတ်သလိုဖြစ်လာနေတယ်။ ပြဿနာရဲ့ဇစ်မြစ်ကိုလည်း တူးဆွ ဖေါ် ထုတ် နိုင် လောက် အောင် စွမ်းဆောင်နိုင်စွမ်းလည်းအားနည်းနေတော့ ဖြစ်ရပ်ဟာ ဖြစ်ရပ် အဖြစ် သာရှိပြီး ပကတိ အကြောင်းရင်းကောက်ချက်ကို  မထုတ်ဆောင်နိုင်ကြတော့ဘူး။ အခြေခံ အကြောင်းတရားတွေနဲ့လူထုတွေရဲ့ ရေးကို အောင်မြင်ပြီးမြောက်အောင်မဆောင်ရွက်နိုင်ကြ ခြင်းဘဲ။ မြေသိမ်းခံရတာကို ပြန်ရဖို့ ဘဲဖြစ်ဖြစ် လုပ်ခတွေ တိုးပေးမယ်ပြောပြီး မရတာဘဲ ဖြစ်ဖြစ်၊ ပစ်ခတ်မှုတွေ ရပ်မယ်ပြောပြီး မရပ်တာဘဲ ဖြစ်ဖြစ် ဒါတွေ က အုပ်ချုပ်ရေး စံနစ်ရဲ့ ဖေါက်ပြန်တာကို ပြတာ၊ မပီပြင်တာကို ပြတာပါဘဲ။
အုပ်ချုပ်စံရေးနစ်မကောင်းမွန် နေတုန်းကာလမှာလူထုအနေနဲ့ဘ၀လုံခြုံရေးနဲ့ မျှော်လင့်ချက်တွေက မရေမရာရှိနေမှာအမှန်ပါဘဲ။ဒီအခြေအနေတွေကို ထောက်ရှုပြီး တော်လှန်ရေး တွေကိုလုပ်လာကြတာက မြန်မာပြည်မှာ ဆရာစံခေတ် က စတယ်လို့ ယေဘုယျ ပြောနိုင်မှာပါ။ အခုထိလည်းတော်လှန်ရေးလှုပ်ရှားမှုက အားနည်းနေသည့်တိုင်ရှိတုန်းပါဘဲ။ခေတ်အဆက်ဆက်မှာ သူ့ခေတ်နဲ့သူ၊တော်လှန်သူတွေက သဘောတ ရား တွေ လမ်းစဉ်တွေချလုပ်ကြတာချည့်ပါဘဲ
ယနေ့ခေတ်မှာတော့ လမ်းစဉ်တွေချ ကြပေမဲ့ သဘောတရားကမရှိကြဘူး၊ လူကြိုက်များရေး၊ ကြီးပွါး ရေးစာနာရေးလူ့အခွင့်အရေး၊ဒီမိုကရေစီရေးဆိုတာတွေနဲ့လုံးလည်ချာလည်လိုက်ရင်း  နိုင်ငံရေးသဘော တရားမှာ အရင်းရှင်စံနစ်နဲ့ ကွန်မြူနစ် စံနစ်သာရှိတာကို ရှင်းရှင်း မပြောကြဘူး၊ မပြောကြရတဲ့ အကြောင်း အချက်တွေ ရှိမယ်ဆိုတာ ကျွန်တော့်အနေနဲ့ နားလည်ထားပေမဲ့  မရှင်းပြတာကို က တာဝန်မကင်း သလို ဖြစ်နေ တော့တယ်။ သိသိချည်းနဲ့ အကျိုးစီပွါး အရထိခိုက်မှာစိုးလို့ မပြောသာ မဆိုသာတဲ့ လူတွေကို ကျွန်တော် က ထပ်မရှင်း ပြလိုသော်လည်း မသိသေးတဲ့ မသိရှာတဲ့ လူငယ်တွေ၊ လေ့လာနိုင် အားချို့ငဲ့သူတွေ ပိတ်ပင် တားဆီးခံထားရသည့်သူ တွေ အတွက် ကျွန်တော် ဥာဏ်မှီသလောက်ကျိုးစား ရှင်းပြချင်ပါတယ်။
အရင်းရှင်စံနစ်နဲ့ ကွန်မြူနစ်စံနစ်ကို အရပ်သားစကားနဲ့ ပြောရရင် အတ္တ နဲ့ ပရ လို့ဆိုပြန်ရင် လည်း အဘိဓမ္မာသိပ်ဆန်လေမလား မသိဘူး၊ ဒီတော့တကိုယ်ကောင်းဝါဒနဲ့အများကောင်းစားရေးဝါဒလို့ဘဲ ပြောကြပါစို့။ ဒီနေရာမှာ အရင်းရှင်စံနစ်ကို တကိုယ်ကောင်းဝါဒ ကွန်မြူနစ်ဝါးကို အများေ ကာင်း စားရေးဝါဒလို့ ဆိုတော့ အငြင်းပွါး စရာ အချက်အလက်တွေ ပေါ်လာမှာ ရှိမှာသေချာပါတယ်၊ ဒါတွေကို ဒီမှာ ဦးစားမ ပေးသေးဘဲ   ယေဘုယျ စံနစ်ကြီး နှစ်ခု ကို သိသာစေချင်လို့ တင်ပြတာပါ၊ ဒါက ဒီနေ့ မြန် မာပြည် နိုင်ငံရေးကို ချဉ်းကပ်ရာမှာ လွယ်မယ်ထင်လို့ပါ။
မြန်မာပြည်မှာ ကြီးစိုးနေတဲ့ စစ်အာဏာရှင်တွေ လုပ်ခဲ့တာ လုပ်နေတာတွေက စစ်အာဏာကို ကာကွယ်ဖို့စစ်အာဏာရှင်လက်ဟောင်းလက်သစ်တွေသူတို့အပေါင်းပါတွေ ကောင်းစားရေးဘဲ ဖြစ်နေတာ ကို ယေဘုယျတွေ့မြင်တွေ့နိုင်ပါတယ်။ သူတို့ဟာ တကိုယ်ကောင်းဝါးဒသမားတွေပါဘဲ။ ဒီတော့ ကျွန်တော်တို့က  သူတို့နဲ့ ဆန့်ကျင်ဘက်လုပ်မလား သူတို့လိုလုပ်မှလားကိုယ့်ကိုယ်ကို ကိုယ်မေးရမှာဘဲ သူတို့လို တကိုယ်ကောင်းဝါဒ တကိုတော်ကောင်းစားရေးကို လုပ်ချင်ရင်သူတို့နဲ့ ပေါင်း သင့်တယ်၊ သူတို့ကို ဆန်ကျင်မယ် အများကောင်းစားရေး လူထုကောင်းစားရေး လုပ်မယ်ဆိုရင်တော့ မပေါင်းရ ဘူး ဗြောင်ဆန့်ကျင် ရမယ်။
လောက ကြီးက ဒီလောက်ရှင်းတာတာတော့ မဟုတ်ဘူး၊ သူတို့ကလည်း သူတို့ကောင်းကြောင်း ၀ါဒဖြန့်မယ်၊ ဆန်ကျင်တဲ့ ကျွန်တော်တို့တွေကလည်းကျွန်တော် တို့ကောင်းကြောင်းဝါဒဖြန့်မှာဘဲ အဲဒီဝါ ဒဖြန် တာ တွေကို ရှင်းလင်းပြရတာကို က ၊ဆန့်ကျင်ဘက်ကို တိုက်ဖျက် ရတာကိုက အလုပ်ကြီးတခုပေါ့။ ဒါကိုအတွေးအခေါ်တိုက်ပွဲလို့ခေါ်တယ်။ဒီအတွေးအခေါ်တိုက်ပွဲထဲမှာဘဲသန်မာလာသူတွေရှိသလိုကျဆုံးပြီး ဘက် ပြောင်း သွားတာတွေ ရှိတော့တာဘဲ။  အတွေးအခေါ်တိုက်ပွဲ ရှိမှန်းမသိတော့ သူများ အတွေး အခေါ် တွေက ကိုယ် လူတွေဆီ ၀င်လွှမ်းမိုးပြီး ကိုယ့်သူတွေ မီးခိုးဇုံးထဲရောက်သလို ဘာမျ မမြင်နိုင်ဘဲ ဘယ်သွား လို့ဘယ် လာ၊ ဘယ်ချိန်လို့ ဘယ်ပစ်ရမှန်းမသိ ဖြစ်နေတတ်တော့ ဒါကဒီနေ့ နိုင် ငံရေးမြင်ကွင်းပါဘဲ။
တော်လှန်ရေးဆိုတဲ့ စကားကို ကြားရတာကြာလို့ အဓိပ္ပါယ် မရှိဖြစ်သွားတာလား၊ အဓိပ္ပါယ်ဖွင့် ဆိုတာများလို့ ဟုန်သွားတာလား လှည့်စားသူတွေဘက်က တော်လွန်းလို့ လားတော့ မသိ ဒီနေ့လုပ်နေ တဲ့ မြန်မာပြည်က တော်လှန်ရေးတွေဟာသာမရိုးကျရိုးးရာတော်လှန်ရေးလို ဖြစ်နေတာကိုဝမ်းနည်းဖွယ်တွေ့နေရ တယ်။ အဖွဲ့နံမည်တခု၊ ခေါင်းဆောင်တယောက်ပေါ် မှီတည်လုပ်ဆောင်နေကြသလိုပါဘဲ။ လမ်းစဉ်နဲ့ အတွေး အခေါ်ကို ထည့်မ တွက်ကြဘူး၊ ဒီတော့ ကိုယ်ကျိုးကြည့် အမြင်၊ ပါတီဂိုဏ်းဂဏနဲ့ လူမျိုးရေး အမြင်ကနေမတက်ကြတော့ဘူး။ဒီလိုဖြစ်ကြတော့ရန်သူစစ်အာဏာရှင်တို့ရဲ့ကိုယ်ကျိုးကြည့်သည့်အမြင်ကသာ  လွှမ်းမိုး အသာစည်းရ သွားတော့တယ်။
ကိုယ်ကျိုးကြည့်ဖို့၊ သီးခြားအရေးသာအလေးထားဖို့  အလုပ်ရှင်တွေက အမြဲအားပေးပါတယ်၊ မစုပေါင်း တဲ့ အလုပ်သမား ဟာ ဘာမှ အားမရှိ၊ အလေးထား၊မှုလောက်စရာ မဟုတ်မှန်း အလုပ်ရှင်တွေ ကသိပါတယ်၊ အုပ်ချုပ်သူတွေကလည်း ဒီနည်းအတိုင်းဘဲ ကျင့်သုံးပါတယ်။ ဒါဟာရိုးနေတဲ့ နည်းဖြစ်ပေမဲ့ ဘာမှ မသိသေးတဲ့ နောက်ပေါက်တွေကို  သစ်လွင်တဲ့ စကားလုံးတွေနဲ့ ဖုံးတော့လည်း ဆန်းသလိုဖြစ်နေ ခဲ့တာပါ။
စစ်အာဏာရှင်လွှမ်းမိုးမှုကတိုင်းပြည်မျာရှိနေတယ်။ဖိနှိပ်ချုပ်ချယ်မှုတွေကလည်း လျှော့ပါးတယ်မရှိ၊ စီပွါးရေးမက်လုံးတွေနဲ့တကိုယ်ကောင်းသမားတွေကို မြူဆွယ်အသုံးချနေပါတယ်။နိုင်ငံတကာကကိုယ်ကျိုး ရှာစီးပွါးရေးသမားတွေက လည်း အားကောင်းကောင်းနဲ့ ကြော်ငြာပေးတော့ ဟုတ်သလိုလို ဖြစ်မေပေမဲ့  ဖိနှိပ်မှုတွေရ ထူးမခြားနားရှိနေတော့ တော်လှန်ရေး အသွင်ဆောင်လာမည့်လှုပ်ရှားမှုတွေက ရှိနေဦးမှာ ဘဲ။ သမရိုးကျ ရိုးရာတော်လှန်ရေး အဆင့်ကနေ ခေတ်မှီ ထက်မျက်တဲ့ တော်လှန်ရေး အဆင့်ကို တက်လှမ်းဖို့က ကျွန်တော်တို့ ပခုံးပေါ် ကျလာတဲ့ တာဝန်ဘဲ ဖြစ်ပါလိမ့်မယ်။
စစ်အာဏာရှင် စံနစ်ကို တိုက်ဖျက်ကြ။
စစ်မှန်သော တော်လှန်ရေးကို ဖေါ်ဆောင်ကြ။

ဦးအေးဆောင်
ဇူလိုင် ၂၀၁၂။